EPL အသင်းတွေထဲမှာ ချဲလ်ဆီး၊ လီပါပူးနဲ့ ရှက်ဖီး ၃ သင်းသာ လောင်းကစားကုမ္ပဏီတွေနဲ့ ဆက်စပ်မှုမရှိ

အားကစား ၊ ဒီဇင်ဘာ ၁၅

အင်္ဂလန်ပရီးမီးယားလိဒ်အသင်း ၂၀ မှာ လောင်းကစား ကုမ္ပဏီတွေဆီကနေ မည့်သည့် စပွန်ဆာကိုမှ ရယူထား ခြင်း မရှိတဲ့ အသင်း ၃ သင်းသာ ရှိပြီး အဲဒီအသင်းတွေက ချဲလ်ဆီး၊ လီဗာပူးနဲ့ ရှက်ဖီးယူနိုက်တက်တို့ သာဖြစ် တယ်လို့ ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ်မှာ လောင်းကစား ပြုလုပ်တဲ့သူတွေ(ထိုးသား)တွေရဲ့ ငွေကြေးဆုံးရှုံးမှုက ပေါင် ၁၄.၄ ဘီလီယံအထိ ကိုရှိခဲ့တာကြောင့် အဲဒီအခြေအနေကို ထိန်းညှိုနိုင်ဖို့အတွက် လုပ်ဆောင်နေပြီလို့ သတင်းထုတ်ပြန်ထားတာပါ။

နောက်ထက်လည်း လောင်းကစား ကုမ္ပဏီတွေကို ငွေကြေးထိန်းချုပ်မှုတွေ လုပ်မှာဖြစ်တဲ့ အတွက်ကြောင့် သူတို့ စပွန်ဆာပေးနေတဲ့ EPL အသင်းတွေနဲ့ ချန်ပီယံရှစ်က အသင်းတွေရဲ့ ဝင်ငွေတွေပါ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုထိန်းချုပ်မှုတွေ လုပ်မှာဖြစ်လို့ လောင်းကစားကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ အသင်းတွေကို သတင်းထုတ်ပြန် တဲ့အခါမှာ အထက်ပါ ၃ သင်းကပဲ လုံးဝ ကင်းကင်းရှင်းရှင်း ဖြစ်နေတာကို တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

EPL အသင်းတွေထဲက အသင်း ၈ သင်းကတော့ ရင်ဘတ်ပေါ်မှာ တံဆိပ်ရိုက်ပြီး အဓိက စပွန်ဆာယူထားတာ ဖြစ်သလို ကျန်တဲ့အသင်းတွေကလည်း လက်မောင်းတံဆိပ်တို့၊ လေ့ကျင့်ရေးကွင်းဘေးမှာ ဆိုင်းဘုတ်ထောင် တဲ့ ကြော်ငြာ အစရှိတာတွေနဲ့ ဆက်စပ်မှုရှိနေကြတာလည်းဖြစ်ပါတယ်။

လောင်းကစားကုမ္ပဏီတွေအနေနဲ့ကလည်း တစ်နှစ်ကို EPL အသင်းတွေအတွက် ပေါင်သန်း ၇၀ ခန့်အထိ အသုံးပြုထားတယ်လို့ ဆိုပါတယ်။