အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ဖွင့်လှစ်ပြီး (၁၅) နှစ်အတွင်း တောဆင်ရိုင်းများပိုမိုများပြားလာ

မုံရွာ ၊ ဒီဇင်ဘာ ၁၃

၁၉၈၄ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့သည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သစ်တောကြိုးဝိုင်းအတွင်း သစ်တောဦး စီးဌာနအနေဖြင့် သစ်တောနဲ့သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆင်(၃)ကောင် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အမျိုးသားဥယျာဉ် ဖွင့်လှစ်ပြီး (၁၅) နှစ်အတွင်းသစ်တောဦးစီးဌာနမှာ ဆင်(၂၂)ကောင်အထိပေါက်ဖွားခဲ့ပြီး လက်ရှိမှာ ဆင်သားပေါက်နှင့် ခိုင်းဆင်စုစုပေါင်း (၃၄) ကောင်အထိရှိနေပြီဖြစ်သည်။

အခုလက်ရှိဆင်တွေကို အမျိုးသားဥယျာဉ်အတွင်းမှာရှိတဲ့ ကင်းစခန်း (၇) ခုမှာ သစ်တောနဲ့သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းတွေမှာ အသုံးပြုနေသလို အလောင်းတော်ကဿပ ဘုရားဖူးဧည့်သည် အကြိုအပို့၀န်ဆောင်မှုတွေလဲ ပြုလုပ်ပေးနေတာပါ၊ ဘုရားဖူးအကြိုအပို့ကရရှိတဲ့ ၀န်ဆောင်ခ (၆၀%)ကို နိုင်ငံတော်ဘဏ္ဍာအတွက် ပေးသွင်းရတယ်ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်မောင်း ကပြောသည်။

ထို့အပြင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တောဆင်ရိုင်းများပေါက်ဖွားမှု များလာပြီးယခုနှစ်တွင် ဆင်သားပေါက်(၂) ကောင်ပေါက်ဖွားထားကာ စုစုပေါင်းတောဆင်ရိုင်း (၂၃) အထိရှိနေပြီဖြစ်သည်။

လက်ရှိ သစ်တောဦးစီးဌာနမှာ ဆင်တွေ ရဲ့အစာနဲ့ကျန်းမာရေးအတွက် လိုအပ်ချက် မရှိပေမယ့် နောက်ဆုံးပေါက်ဖွားထားတဲ့ ဆင်ငယ်လေးမှာ နို့ဘူးနဲ့ မိခင်နို့ပူးတွဲတိုက်ကျွေးနေရ တယ်ဟု ဆင်ဦးစီး ဦးဇော်လွင်ကပြောသည်။

လက်ရှိ covid ကာလအတွင်း အလောင်းတော်ကဿပ ဘုရားဖူးရာသီပိတ်ထားသည့်အတွက် ဆင်များကို သစ်တောထိန်း သိမ်းကာကွယ်ရေးလုပ်ငန်းများ၌မှာသာ အသုံးပြုနေရကြောင်းသိရသည်။

ထွန်းလင်းဦး