၂၀၂၁မှာ ပိုကောင်းတဲ့ အချိန်တွေ ဖြစ်လာဖို့ ဆုတောင်းလိုက်တဲ့ ဂျွန်နီဒိ(ပ်)

ကမ္ဘာကျော် ကပ္ပတိန်ဂျပ်စ်ပဲရိုး ဇာတ်ကောင်နဲ့ လူသိများတဲ့ အမေရိကန် ရုပ်ရှင်မင်းသား ဂျွန်နီဒိ(ပ်)ဟာ ၂၀၂၀မှာ ခက်ခဲစွာဖြတ်သန်းနေရတဲ့ သူ့ပရိသတ်တွေအတွက် နှစ်ကုန်ပိုင်း အားလပ်ရက်တွေမှာ ပျော်ရွှင်စေကြဖို့နဲ့ လာမယ့် ၂၀၂၁မှာ ပိုကောင်းတဲ့ အချိန်တွေ ဖြစ်လာဖို့ ဆုတောင်းစကားဆိုလိုက်ပါတယ်။

” ဒီနှစ်မှာ လူတိုင်းသိပ်ခက်ခဲကြတယ်။ ရှေ့လျှောက်တော့ ပိုမိုကောင်းလာတော့မှာပါ။ အားလုံးပျော်စရာအားလပ်ရက် ဖြစ်ကြပါစေ။ အားလုံးကို ကျွန်တော့်ရဲ့ ချစ်ခြင်းတရားနဲ့ လေးစားတန်ဖိုးထားပါတယ်။ Eternally, JD.” ဆိုပြီး ဂျွန်နီဒိ(ပ်)က ရေးသားဆုတောင်းကာ အင်စတာဂရမ်မှာ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက လူတွေအားလုံးလိုလို ကိုရိုနာကပ်ဘေးကြောင့် စိတ်ညစ်နေရချိန်မှာ ဇနီးဟောင်း Amber Heard အပေါ် အိမ်တွင်းအကြမ်းဖက်မှု ၁၀ ကြိမ်ကျော် ကျူးလွန်ခဲ့တယ်လို့ TheSun သတင်းဌာနရဲ့ ရေးသားဖော်ပြချက်ကြောင့် ဂုဏ်သိက္ခာ ထိခိုက်ပြီး ပိုမိုစိတ်ညစ်ခဲ့ရပါတယ်။

ဒါပေမဲ့ သူ့ရှေ့နေက ဒီစွပ်စွဲချက်အားလုံးကို ချေပငြင်းဆိုနိုင်ခဲ့ပမယ့် သူဟာ ဒီကိစ္စကြောင့် “Fantastic Beasts” မှာ ” Grindelwald” ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ လုပ်ထားရာကနေ နုတ်ထွက်ခဲ့ပြီး ဒီအကြောင်းကို ပရိသတ်တွေကို အင်စတာဂရမ်ကတစ်ဆင့် အသိပေးခဲ့ပါတယ်။

ယခုအခါ အသက် (၅၇)နှစ်ရှိပြီဖြစ်တဲ့ ဂျွန်နီဒိ(ပ်)ဟာ ၂၀၂၁ခုနှစ်မှာ အသရေဖျက်မှုတစ်ခု တစ်ခုကို တရားရင်ဆိုင်သွားဖို့လည်း ရှိနေပါတယ်။

ထက်ထက်