ဂျိမ်းဘွန်းဇာတ်ဝင်ခန်း သီချင်းသီဆိုဖို့ ရွေးချယ်ခံရချိန်က တကယ့်အကြမ်းစားကြီးပဲလို့ ပြောလိုက်တဲ့ ဘီလီ

ဆယ်ကျော်သက်ဘဝနဲ့ အောင်မြင်မှုတွေ အများကြီးရရှိထားတဲ့ အဆိုတော် ဘီလီအိုင်းလစ်က ဘွန်းဇာတ်ကားသစ် ”No Time To Die” ဇာတ်ဝင်သီချင်းကို သီဆိုဖို့ရွေးချယ်ခံရချိန်မှာ စိတ်လှုပ်ရှားကာ ခံစားချက်တွေ ရှုပ်ထွေးခဲ့ရပြီး သူ့အတွက်တကယ့်အကြမ်းစားကြီးပဲလို့ ဆိုပါတယ်။

ဘီလီက “ကျွန်မရူးသွားတော့မလိုပဲ ဒါပေမဲ့ ကျွန်မဒါကို ကောင်းကောင်းနားလည်ခဲ့တယ်။ လူတိုင်းက အသစ်ဖြစ်တဲ့ ခံစားသက်ဝင်မှုကို လိုချင်ကြတာပဲ ဒါကြောင့် လူကြိုက်များတဲ့ ဇာတ်ဝင်တေး သီချင်းလည်း ဖြစ်လာနိုင်တယ်မဟုတ်လား” လို့ ဆိုပါတယ်။

ဂျိမ်းစ်ဘွန်းပရိသတ်တွေကို ထုတ်လုပ်သူတွေက သတင်းအသိပေးချိန် ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းသူမ စိတ်လှုပ်ရှားခဲ့ရသေးတယ်လို့လည်း ဘီလီက ဆိုပါတယ်။ ထုတ်လုပ်သူတွေဘက်က ဒီဇာတ်ကားကို လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီမှာ ရုံတင်ဖို့ စီစဉ်ထားပေမယ့် covid19 ကြောင့် ရုံတင်ရက် ကြန့်ကြာနေခဲ့ပါတယ်။

ဘီလီဟာ ဒီသီချင်းနဲ့ အမေရိကန် single chart ရဲ့ ထိပ်ဆုံးပိုင်းကိုရောက်ရှိတဲ့ ပထမဆုံးသော ၂၁ရာစုဖွား အဆိုတော်ဖြစ်ခဲ့ရုံသာမက အိုင်းရစ် single chart မှာလည်း ထိပ်ဆုံးပိုင်းကို ရောက်ရှိခဲ့တာပါ။

ဒါ့အပြင် ဘီလီရဲ့ No Time To Die သီချင်းဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ကျင်းပမယ့် ၆၃ ကြိမ်မြောက် ဂရန်မီဆုပေးပွဲမှာလည်း ဆန်ခါတင်အဆင့်ဝင်နေတာမို့ ဘီလီတစ်ယောက် ဂရန်မီဆုကို သိမ်းပိုက်နိုင်မယ့် အသက်အငယ်ဆုံးအဆိုတော်ဖြစ်မဖြစ် ဆိုတာကတော့ စိတ်ဝင်စားစရာပါဘဲ။

Ref; BBC

ဘာသာပြန်…ထက်ထက်