သီချင်းအသစ်နဲ့ပရိသတ်ရှေ့တစ်ကျေ့ာပြန်ရောက်ရှိလာတဲ့ Ed Sheeran

Perfect သီချင်းနဲ့ လူသိများတဲ့ အဆိုတော် Ed Sheeran ဟာ သီချင်းသစ် “The Afterglow” နဲ့အတူ ပရိသတ်ရှေ့မှောက် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။

ဒီသီချင်းမှာ Ed Sheeran က ဆောင်းနှင်းတွေကျတဲ့ နေ့အကုန်ညအကူးအချိန်မှာ ချစ်သူကို လွမ်းရလို့ အထီးကျန်ဖြစ်နေရတဲ့ အကြောင်းကို ဂီတာသံစဉ် ရိုးရိုးလေးနဲ့ ထိမိအောင် လွမ်းလွမ်းဆွေးဆွေးရေးဖွဲ့ထားတာပါ။

Ed Sheeran ဟာ သီချင်းသစ် မထွက်ရှိတာ တစ်နှစ်ခွဲခန့်ရှိနေရာကနေ ပထမဆုံး သီချင်းသစ်ကို ပရိသတ်ကို ချပြလိုက်တာပါ။

ဒီသီချင်းမတိုင်ခင် သူရဲ့နောက်ဆုံး ဂီတလှုပ်ရှားမှုအဖြစ် ၂၀၁၉ ခုနှစ်တုန်းက ဂျက်စတင်ဘီဘာ အပါအဝင် အခြားအဆိုကျော်တွေနဲ့အတူ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တစ်ခုကို ထွက်ရှိ ထားပြီးကတည်းက ငြိမ်သက်နေခဲ့တာပါ။

Ed Sheeran က သူ့ပရိသတ်တွေကို “ဟေး ဒီမှာ ခင်ဗျားတို့အတွက် ကျွန်တော်မနှစ်က ရေးခဲ့တဲ့ သီချင်းသစ်လေးကို ဖြန့်ချိလိုက်ပြီနော်။ ဒါဟာ နောက်ထွက်လာမယ့် အယ်လ်ဘမ်ရဲ့ ဆင်ဂယ်တော့ မဟုတ်ပါဘူး” လို့ သူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။

ဒါ့အပြင် သူက “အားလုံး ဘေးကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေ” လို့လည်း ဆုတောင်းစကားဆိုခဲ့ပါတယ်။ Ed Sheeran ဟာ ပြီးခဲ့တဲ့လက ယူရိုငွေ တစ်သောင်းကို အယ်လ်ဒီဘာ့ဂ်ဆေးရုံကို လှူဒါန်းခဲ့ပြီး ဒါဟာ အဲဒီဆေးရုံမှာရှိတဲ့ ဂီတကုထုံးခံယူမှုလုပ်နေရတဲ့ လူနာတွေအတွက် ဂီတဆိုင်ရာပစ္စည်းတွေဝယ်ယူဖို့နဲ့ နားမကြားသူတွေ ကုသရာမှာ လိုအပ်တဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဝယ်ဖို့ လှူခဲ့တာလို့ သိရပါတယ်။

ဘာသာပြန် … ထက်ထက်