တရုတ်နိုင်ငံထုတ် Covid 19 ကာကွယ်ဆေးကို အာရပ်စောဘွားများနိုင်ငံမှ ပထမဆုံးအတည်ပြု

Covid 19 ကာကွယ်ဆေးထုတ်လုပ်သော တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Sinopharm မှ တီထွင်ထုတ်လုပ်ထားသော ကာကွယ်ဆေးကို အာရပ်စော်ဘွားများနိုင်ငံက ပထမဆုံး ခွင့်ပြုသည့် အစိုးရ ဖြစ်လာသည်။ ကြိုတင် ရရှိထားသော အချက်အလက်တွေအရ ၈၆ရာခိုင်နှုန်းဟာ ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။

အကယ်၍ အခြားနေရာဒေသများမှ ရရှိသည့် ရလဒ်များသည်လည်း အလားတူ တွေ့ရှိချက်များ ဖြစ်ပါက တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သော ကာကွယ်ဆေးများသည် ပိုမိုဈေးကြီးပြီး သယ်ယူပို့ဆောင်ရေးတွင် ပိုမိုခက်ခဲသော အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို မတတ်နိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသက်ကယ်ဆေး ဖြစ်လာနိုင်ပါသည်။

Source: The New York Times