NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပျက်

ရန်ကုန်၊ ဇန်နဝါရီ ၄

NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးရန်အတွက် နှစ်ပါတီရုံးများမဟုတ်သည့်နေရာတွင် ဆွေးနွေးရန် တောင်းဆိုမူအား NLD ပါတီက လက်မခံသည့်အတွက် ဆွေးနွေးမူပျက်ခဲ့ကြောင်းသိရသည်။

NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ(MUP) ကြား ယနေ့တွင် နှစ်ပါတီရုံးများမဟုတ်သည့် ကြားနေရာတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုချက်ကို NLD ပါတီမှ လက်ခံခြင်းမရှိဘဲ တွေ့ဆုံမည့် နေရာအား အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် သွားရောက်မတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွေ့ဆုံမှုသည် ပျက်ပြယ်ခဲ့သော်လည်း ဆက်လက်ဆွေးနွေးမှု ရှိမရှိမှာ NLD ပါတီတွင်သာ မူတည်နေပြီး မွန်ညီညွတ်ရေးပါတီ(MUP) အနေဖြင့် တတိယနေရာတွင်သာ တွေ့ဆုံမှုအား လိုလားကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ယခုကဲ့သို့ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုအား အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအရေးအား ဆွေးနွေးရန် ကချင်၊ မွန်၊ ရှမ်း၊ ကယားနှင့် ရခိုင်စသည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုအပါအဝင် ကရင် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန် စသည့် NLD ပါတီ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

ဆက်နိုင်

Photo – MUP