ကျုံပျော်ရှိ မဲပေးခဲ့သည့်စာရင်း၌ အသက် ၂၀၀ ကျော်သည့် သူများပါဝင်နေဟုဆို

ကျုံပျော် ၊ ဒီဇင်ဘာ ၂၆

ကျုံပျော်မြို့နယ်တွင်ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မဲပေးခဲ့သည့်စာရင်း၌ အသက် ၂၀၀ ကျော်သည့် သူများပါရှိကြောင်း၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။

” ကွန်ပြူတာနဲ့ သူတို့ပြန်စစ်တယ်ဗျ၊ အွန်လိုင်းမီဒီယာတွေမှာ တွေ့မှာပါ၊ အဲ့ဒီ့အတိုင်းပါပဲ၊ ကျွန်တော်တော်တို့ပါတီကနေ တရားဝင်လုပ်စရာရှိတဲ့ လုပ်ငန်းတွေ ဆက်လုပ်အုံးမယ်၊ ဖြစ်စဉ်တွေက အမှန်ပဲဗျ ၊ လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့်ကိစ္စတွေတော့ရှိသေးတယ် သတင်းစာရှင်းလင်းပွဲကဲ့သို့ လုပ်ပြီးအားလုံးကို အသိပေးမှာပါ ” ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မြို့နယ် ၄ မြို့နယ်ရှိ မဲစာရင်းများအား စစ်ဆေးရာ၌ မဲစာရင်း ပုံစံ (၁) အရ မဲမသမာမှုဖြစ်စေနိုင်သည့် ဆန္ဒမဲအရေအတွက် ၇၄,၀၀၀ ကျော်ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဆက်နိုင်