ကိုဗစ်ရောဂါကုသဆေး သောက်ဆေးသည် ဆရာဝန်ညွှန်ကြားချက် မရရှိပါက သောက်သုံး၍မရ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁

AA medical product ကထုတ်လုက်လိုက်သည့် ကိုဗစ်ရောဂါကုသဆေး FAVIPAC (Favipiravir 200mg) သောက်ဆေးသည် ဆရာဝန်ညွှန်ကြားချက်မရရှိပါက သောက်သုံး၍မရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးကပြောသည်။

ဒီဆေးက ခုမှပေါ်တာမဟုတ်ဘူး။ ဂျပန်ကနေမြန်မာကိုအများကြီးလှူခဲ့တာရှိတယ်။ ရောဂါလက္ခဏာ နည်းနည်းပဲပြတာနဲ့ အသင့်တင့်ပြတဲ့သူမှာသုံးလို့ရတယ်။ ဂျပန်ကအများကြီးလှူခဲ့တော့အစပိုင်းမှာ သုံးခဲ့တာရှိတယ်။ သုံးခဲ့တဲ့အခါထိရောက်မှုတွေ ကောင်းခဲ့တဲ့ဟာတွေ ရှိတယ်။ ဥပမာ ပါရာစီတမော့ ဘိုင်အိုဂျက်စစ်အနေနဲ့လည်း လာပါမယ်၊ ပါရာကတ်အနေနဲ့လည်း လာမယ်၊ ခုနပြောတဲ့ ပါရာစီတမောဆိုတဲ့ဆေးကတော့ ကျနော်တို့သုံးပြီးသားပေါ့။ အရေးပေါ်အခြေအနေမှာတော့ အသုံးပြုဖို့ခွင့်ပြုချက် ပေးရတယ်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောသည်။

အဆိုပါဆေးမှာ side effect ရှိသဖြင့် ကိုယ်ဝန်ဆောင်၊ ကျောက်ကပ်မကောင်းသူ၊အသည်းမကောင်းသူ၊ ဂေါက်ရောဂါရှိသူ၊အသက်အရွယ်ကြီးရင့်သူ၊ ကလေးတွေ သတိထားပြီးသုံးစွဲဖို့ တားမြစ်ထားပြီးကိုယ်ဝန်ဆောင်များမှာ သောက်သုံးခွင့်မရှိကြောင်းသိရသည်။

ထို့ကြောင့် ကိုဗစ်ကုသဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် FDA ခွင့်ပြုချက်ရရှိပါက လက်ရှိကိုဗစ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

AA medical product ကုမ္ပဏီမှာ ၎င်းတို့ထုတ်လုပ်လိုက်သည့် FAVIPAC (Favipiravir 200mg) သောက်ဆေးသည် မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်နိုင်ခြင်း ဖြစ်ကြောင်း၊ ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ် ပြချိန်မှစပြီး သောက်သုံးကုသခြင်းဖြင့် အမြန်နလန်ထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသော ရောဂါအဆင့်ကို ရောက်ရှိခြင်းမှ လျော့ချနိုင်မှာဖြစ်တယ်လို့ ဒီနေ့ ဒီဇင်ဘာလ ၃၁ရက်နေ့မှာ AA Medical product က တရားဝင်ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ကုသရေးဆေးFAVIPAC (Favipiravir 200mg)ကို ရန်ကုန်တိုင်းထဲက ကိုဗစ်ကုသရေးဆေးရုံနှင့် ကိုဗစ်ကုသရေးဌာန ၁၅ ခု၊ မန္တလေးတိုင်းမှ ကိုဗစ်ကုသရေးဆေးရုံ ၃ ခု၊နေပြည်တော် ကုတင်-၁၀၀၀၊ မကွေးဆေးရုံကြီး၊စပ်စံထွန်းဆေးရုံကြီး၊ ပဲခူးဆေးရုံကြီး၊ ပုသိမ်ဆေးရုံကြီး၊ မော်လမြိုင်ဆေးရုံကြီး၊ မြစ်ကြီးနားဆေးရုံကြီး၊ ကိုဗစ်ကုသဆေး ၅၀၀၀၀ လှူဒါန်းသွားမည်ဖြစ်ပြီး ဗဟိုဆေးသိုလှောင်ရေးဌာန CMSD မှာလည်း ဆေး ၁၀၀၀၀ ကိုသိုလှောင်ထားရှိမယ်လို့ ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနကို အောက်တိုဘာလဆန်းမှာ Registration Sample & Registration Dossier အပ်နှံပြီး ဆေးဝါးမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ရဲ့ခွင့်ပြုချက်ရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

ဒါကြောင့် FDA ကတာဝန်ရှိသူဆီ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။

သူရိန်