မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid-19 ကပ်ရောဂါ ကုသဆေးဝါးရရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံ၌ Covid-19 လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) Tablet 60,000ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီထံမှတစ်ဆင့် တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို့လှူဒါန်းမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါကုသဆေးဝါးထုတ်လုပ်ရရှိပြီဖြစ်ကြောင်း AA Medical products ၏ကြေညာချက်အရ သိရသည်။

၂၀၂၀ခုနှစ်အကုန်တွင်ယင်းဆေးဝါးကုမ္ပဏီ၏ ထုတ်ပြန် ကြေညာခဲ့သည်။

COVID-19 လူနာများ (Mild to Moderate Symptom) အတွက် Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံမှ မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ထုတ်လုပ်ခြင်းဖြစ်ပြီး FDA approval ရရှိ၍ လှူဒါန်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ၏ခွင့်ပြုချက်ရရှိခဲ့သည်။

ယခုဖြစ်ပွားလျှက်ရှိသော Covid-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန်တွင်မြန်မာနိုင်ငံ၌ Covid-19 လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) Tablet 60,000ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို၎င်း၊ Tablet 15,000 ကို တပ်မတော်၏ Covid-19 ကုသရေးဆေးရုံများသို့၎င်း ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

Pacific Medical Industries Ltd (PMI) သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများအပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Products Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့် မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ် နိုင်ခဲ့ပါသည်။ ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်မူ ဖြစ်ပါသည်။

FAVIPAC (Favipiravir 200mg) သောက်ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလန်ထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသော ရောဂါအဆင့်သို့ ရောက်ရှိခြင်းမှ လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာရရှိနိုင်မည် ဖြစ်သည်။

သူရိန်