ကမ္ဘာ့ဈေးအကြီးဆုံးပတ္တမြားလက်ဝတ်ရတနာ(၁၀)ခု

ပတ္တမြားဆိုတာ တန်ဖိုးကြီးကျောက်မျက်ရတာနာ တစ်ခုဘဲ ဖြစ်ပါတယ်။ ဒီနေ့ တင်ဆက်မှာကတော့ ကမ္ဘာ့ ဈေးအကြီးဆုံး ပတ္တမြားလက်ဝတ်ရတနာ (၁၀)ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီပတ္တမြား လက်ဝတ်ရတနာ (၁၀)ခုအကြောင်းမှာ ထူးခြားတာ တစ်ခုကို ပရိတ်သတ်တွေ တွေ့ကြရမှာပါ။

နံပတ် (၁၀) A Ruby and Diamond Ring ($ 3,450,718)

Rubis-Ring-Christies
ဒီ ၃၀.၂၀ ကာရက်ရှိတဲ့ ပတ္တမြားကတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပတ္တမြားတစ်လုံးဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃.၄၅ သန်းဖြစ်ပါတယ်။

 

နံပတ်(၉) A Harry Winston Ruby and Diamond Ring ($ 3,935,105)

Bague-Rubis-Harry-Winston-Christies
၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း ဟောင်ကောင်မှာပြုလုပ်တဲ့ ကျောက်မျက်ရောင်းချပွဲမှာ အမေရိကန်ဒေါ်လာ ၃.၉ သန်း နဲ့ ရောင်းချခဲ့တဲ့ ဒီပတ္တမြားကလည်း မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ ထွက်ရှိတဲ့ ပတ္တမြားတွေထဲက ထူးခြားတဲ့ အရောင်အသွေး ရှိသော ပတ္တမြား တစ်လုံးဖြစ်ပါတယ်။ အလေးချိန်ကတော့ ၈.၉၉ ကာရတ်ရှိပါတယ်။

 

နံပတ် (၈) The Regal Ruby ($ 5,967,465)

Rubis-Regal-Christies
ဒီ ၁၃.၂၁ ကာရတ်ရှိတဲ့ ဘဲဥပုံ ပတ္တမြားကလည်း မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပတ္တမြားတွေထဲက တစ်ခုဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာလတွင် ဟောင်ကောင်မှာပြုလုပ်တဲ့ ကျောက်မျက်ပြပွဲမှာ အမေရိကန်ဒေါ်လာ ၅.၉၆ သန်းနဲ့ ရောင်းချ ခဲ့ပါတယ်။ ဒီပတ္တမြားဟာဆိုရင်တော့ သန့်စင်ကာ အနီရောင် တောက်ပနေပြီး လက်ရာကောင်မွန်တဲ့ ကျောက်ဖြတ်ခြင်းကြောင့် ပိုမိုထူးခြား တောက်ပနေပါတယ်။

 

နံပတ် (၇) The Queen of Burma Ruby ($ 6,084,559)

Rubis-Queen-of-Burma
နံပတ် ၇ မှာ ရပ်တည်နေတဲ့ ဒီ The Queen of Burma ပတ္တမြားဟာဆိုရင်လည်း ၁၉၃၇ခုနှစ်ကတည်းက မြန်မာနိုင်ငံကပင် ထွက်ရှိတဲ့ ပတ္တမြားတွေထဲက တစ်လုံးဖြစ်ပါတယ်။ ၂၃.၆၆ ကာရတ်ရှိတဲ့ ဒီပတ္တမြားကိုတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ဂျီနီဗာကျောက်မျက် ရောင်းချပွဲမှာ အမေရိကန်ဒေါ်လာ ၆.၀၈ သန်း နဲ့ ရောင်ချခဲ့ပါတယ်။ ဒီပတ္တမြားဟာဆိုရင်တော့ ပန်းနီရောင် တောက်ပါနေပတ္တမြားတစ်လုံးဖြစ်ပါတယ်။ တစ်သားတည်း ဖြစ်တည်မှုကို ပြသပြီး ပလက်တီနမ်နဲ့ လက်စွပ်ပြုလုပ်ထားပါတယ်။ လှပခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းတို့သာ မဟုတ်ပဲ မြန်မာနိုင်ငံရဲ့ ရတနာ သမိုင်းကြောင်းကိုလည်း ပြသနေတဲ့ ပတ္တမြား တစ်လုံးပဲ ဖြစ်ပါတယ်။

 

နံပတ် (၆) The Patiño Ruby and Diamond Ring ($ 6,736,750)

Rubis-Patino-Christies
ခိုသွေးရောင် တောက်ပနေပြီး ၃၂.၈ ကာရတ်ရှိတဲ့ ဒီပတ္တမြားကလည်း မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ ထွက်ရှိတဲ့ ပတ္တမြား တစ်လုံး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဂျီနီဗာမှာပြုလုပ်တဲ့ ကျောက်မျက်ရောင်းချပွဲမှာ အမေရိကန်ဒေါ်လာ ၆.၇ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

 

နံပတ် (၅) A Cartier Ring in Rubies and Diamonds ($ 7,379,953)

Bague-Rubis-Cartier
၂၀၁၄ ခုနှစ် ဧပြီလ ၇ရက်နေ့ ဟောင်ကောင်မှာပြုလုပ်တဲ့ ကျောက်မျက်ပြပွဲမှာ ၂၉.၆၂ ကာရက်ရှိတဲ့ ဘဲဥပုံ မြန်မာ့မိုးကုတ်ပတ္တမြားလက်စွပ်ကို အမေရိကန် ဒေါ်လာ ၇.၃၇ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

 

နံပတ် (၄) A Cartier Pin in Ruby and Diamond ($ 8,428,127)

Broche-rubis-Cartier-Christies
ဒီပတ္တမြား လက်ဝတ်ရတနာကိုတော့ ၁၀.၁၀ ကာရတ်ရှိတဲ့ ပတ္တမြားကို စိန်၊ ပလက်တီနမ်တို့ဖြင့် ဝန်းရံစီချယ်ထားပါပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်ဒေါ်လာ ၈.၄၂ သန်းဖြင့် ဟောင်ကောင်တွင် ရောင်းချခဲ့ပါတယ်။ ဒီပတ္တမြားကတော့ အဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိလို့ ထင်ရှားတဲ့ မြန်မာနိုင်ငံ မိုးကုတ်ဒေသကပဲ ထွက်ရှိတာဖြစ်ပြီး အရောင်ကလည်း မည်သည့် မွမ်းမံမှုမှ မရှိဘဲ ကြည်လင်ပြတ်သားလှပါတယ်။

 

နံပတ် (၃) The Graff Ruby ($ 8,600,410)

Graff-Rubis
တြိဂံပုံ စိန် ၂ လုံးနဲ့ ဝန်းရံထားတဲ့ ဒီပတ္တမြားလက်စွက်ကိုတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း ဂျီနီဗာမှာ ပြုလုပ်တဲ့ ကျောက်မျက်ပွဲမှာ အမေရိကန်ဒေါ်လာ ၈.၆ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ပတ္တမြားရဲ့ အလေးချိန် ကတော့ ၈.၆၂ ကာရက်ရှိပြီး မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ ထွက်ရှိတဲ့ ပတ္တမြားဖြစ်ပါတယ်။ ခိုသွေးရောင်အဆင်းရှိတဲ့ ဒီရှားပါး ပတ္တမြားတွေကတော့ မိုးကုတ်ဒေသထွက် ပတ္တမြားများရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

 

နံပတ် (၂) The Crimson Flame Ruby ($ 18,382,385)

The-Crimson-Flame-Rubis
ကမ္ဘာဈေးအကြီးဆုံး ပတ္တမြားတွေရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ ပတ္တမြားကတော့ The Crimson Flame ပတ္တမြားကြီးပဲ ဖြစ်ပါတယ်။ အလေးချိန် ၁၅.၀၄ ကာရက်ရှိတဲ့ ခိုသွေးရောင် မြန်မာ့တွင်းထွက် ပတ္တမြားကြီးကို စိန်သရဖူပုံလက်စွပ်ရဲ့ အလယ်မှာ တပ်ဆင်ထားပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ဟောင်ကောင်မှာ ပြုလုပ်တဲ့ ကျောက်မျက်ရတနာ လေလံတင်ရောင်းချပွဲမှာတော့ ကနဦး ခန့်မှန်းဈေး အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းကို ကျော်လွန်ကာ ဒေါ်လာ ၁၈.၃ သန်းဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။

 

နံပတ် (၁) Sunrise Ruby ($ 30,335,698)


ကမ္ဘာ့ဈေးအကြီးဆုံး ပတ္တမြားကြီးကတော့ လာပါပြီ… Sunrise ပတ္တမြားကြီး ကိုတော့ ၂၀၁၅ ခုနှစ် မေလတွင် ဂျနီဗာမှာ ကျင်းပတဲ့ ကျောက်မျက်ရောင်းချပွဲမှာ အမေရိကန်ဒေါ်လာ ၃၀.၃ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ကမ္ဘာဈေးအကြီးဆုံး ပတ္တမြား ဖြစ်တဲ့အပြင် ရောင်စုံစိန်များမှလွဲ၍ ဈေးအကြီးဆုံး ကျောက်မျက်ရတနာ တစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာဈေးအကြီးဆုံး ပတ္တမြား ၁၀ ခုအကြောင်းကိုတော့ တင်ဆက်ပြီးသွားပြီ… ထူးခြားတာတစ်ခုကိုတော့ ပရိတ်သတ်ကြီး တွေ့မြင်ပြီးဖြစ်မှာပါ။

 

ကမ္ဘာ့ဈေးအကြီးဆုံးပတ္တမြားလက်ဝတ်ရတနာ(၁၀)ခု Video

Source : Expensive World